မြန်မာနိုင်ငံတွင်ပျောက်ဆုံးနေသော ဖိလစ်ပိုင်နိုင်ငံသား၄ဉီးကို ဖိလစ်ပိုင်နိုင်ငံမှ ရှာဖွေရန် စီစဉ်လျှက်ရှိ
နိုင်ငံတကာကူညီကယ်ဆယ်ရေးများ sky villa condo အတွင်းမှ ပိတ်မိ နေသူများကယ်ဆယ်နေကြစဉ် သတင်းရုပ်ပုံ: www.asahi.com လွန်ခဲ့သည် မတ်လ ၂၈ ရက်နေ့ ၂၀၂၅ ခုနှစ်က မြန်မာနိုင်ငံအတွင်းရှိ လှုပ်ခတ်ခဲ့သော Magnitude 7.7 ပြင်းအား ရှိ ငလျင်လှုပ်ခတ်မှု့အတွင်း ပျောက်ဆုံးနေသော ဖိလစ်ပိုင်နိုင်ငံသား ၄ဉီး ကို လျှင်မြန်စွာကယ်တင်နိုင်ရန် ရန်ကုန်မြို့ ရှိဖိလစ်ပိုင်နိုင်ငံသံရုံးမှ ကြိုးပမ်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဗုဒ္ဓဟူးနေ့ပြောကြားခဲ့ပါတယ် သံရုံးရဲ့ပြောကြားချက်အရ အဆိုပါ ဖိလစ်ပိုင်နိုင်ငံသားလေးယောက်ဟာ အသေအပြောက်စာရင်းအတိအကျမသိရသော်လည်း မန္တလေးမြို့ရှိ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော ၁၂လွှာအထပ်ရှိသည် Sky Villa Condo အဆောက်အအုံ၌ ပိတ်မိနေခြင်းဖြစ်နိုင်ပြီး မန္တလေးမြို့ရှိဆေးရုံကြီးနှင့် အလောင်းသဂြိုလ်ခြင်းဆိုင်ရာဆောက်ရွက်နေသူများနှင့်ဆက်သွယ်စုံစမ်းနေကြောင်း၊ ထို့အပြင် ပြန်လည်ရှာဖွေတွေ့ရှိထားသော ရုပ်အလောင်းများ လျှင်မြန်စွာ စုံစမ်းစိစစ်နေကြောင်းသိရသည်၊၊ ဖိလစ်ပိုင်မှ ဆရာဝန်နှင့် ရှာဖွေရေးအဖွဲ့ ၁၀...