Skip to main content

မြန်မာနိုင်ငံတွင်ပျောက်ဆုံးနေသော ဖိလစ်ပိုင်နိုင်ငံသား၄ဉီးကို ဖိလစ်ပိုင်နိုင်ငံမှ ရှာဖွေရန် စီစဉ်လျှက်ရှိ






နိုင်ငံတကာကူညီကယ်ဆယ်ရေးများ sky villa condo အတွင်းမှ ပိတ်မိနေသူများကယ်ဆယ်နေကြစဉ်
သတင်းရုပ်ပုံ: www.asahi.com

              လွန်ခဲ့သည် မတ်လ ၂၈ ရက်နေ့ ၂၀၂၅ ခုနှစ်က မြန်မာနိုင်ငံအတွင်းရှိ လှုပ်ခတ်ခဲ့သော  Magnitude 7.7 ပြင်းအား ရှိ ငလျင်လှုပ်ခတ်မှု့အတွင်း  ပျောက်ဆုံးနေသော ဖိလစ်ပိုင်နိုင်ငံသား ၄ဉီး ကို လျှင်မြန်စွာကယ်တင်နိုင်ရန် ရန်ကုန်မြို့ ရှိဖိလစ်ပိုင်နိုင်ငံသံရုံးမှ ကြိုးပမ်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဗုဒ္ဓဟူးနေ့ပြောကြားခဲ့ပါတယ်
               သံရုံးရဲ့ပြောကြားချက်အရ အဆိုပါ ဖိလစ်ပိုင်နိုင်ငံသားလေးယောက်ဟာ အသေအပြောက်စာရင်းအတိအကျမသိရသော်လည်း မန္တလေးမြို့ရှိ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော ၁၂လွှာအထပ်ရှိသည် Sky Villa Condo အဆောက်အအုံ၌ ပိတ်မိနေခြင်းဖြစ်နိုင်ပြီး မန္တလေးမြို့ရှိဆေးရုံကြီးနှင့် အလောင်းသဂြိုလ်ခြင်းဆိုင်ရာဆောက်ရွက်နေသူများနှင့်ဆက်သွယ်စုံစမ်းနေကြောင်း၊ ထို့အပြင် ပြန်လည်ရှာဖွေတွေ့ရှိထားသော ရုပ်အလောင်းများ လျှင်မြန်စွာ စုံစမ်းစိစစ်နေကြောင်းသိရသည်၊၊

ဖိလစ်ပိုင်မှ ဆရာဝန်နှင့် ရှာဖွေရေးအဖွဲ့ ၁၀၀ ခန့် မြန်မာသို့ ပို့ဆောင်


ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန (DFA) မှ မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ဖြစ်ပေါ်လာသော အရေးပေါ်အခြေအနေများအတွက် ကူညီဆောင်ရွက်ရန် ဆရာဝန်များနှင့် မြို့ပြရှာဖွေရေး/ကယ်ဆယ်ရေးအရာရှိများ ၁၀၀ ခန့် ပါဝင်သောအဖွဲ့အား မကြာသေးမီက မြန်မာသို့ ပို့ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်၊၊ အဖွဲ့ဝင်များအားလုံး နေပြည်တော်တွင် ရောက်ရှိနေပြီး စခန်းချခြင်းနှင့် ဆောင်ရွက်ရေးဌာနများကို တည်ဆောက်နေကြောင်းသိရပါသည်၊၊




DFA အဆိုရ မြန်မာနိုင်ငံအတွင်းရှိ မန္တလေးတိုင်းဒေသကြီးအတွင်း ဖိလစ်ပိုင်နိုင်ငံသားပေါင်း ၁၇၁ ဉီးရေ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဝင်အလုပ်လုပ်ကိုင်နေထိုင်သူ ၇၆၄ ဉီးရေ နှင့် နေပြည်တော် ၂၅ဉီးထက်မနည်း နေထိုင်ကြကြောင်းသိရသည်၊၊ DFA အဆိုအရ မန္တလေးမြို့တွင်းရှိ ၁၂၈ ဦးအား ဘေးကင်းကြောင်း တွေ့ရှိရပြီး ၁၄ ဦးမှာ ငလျင်ဖြစ်ချိန်အခါ မြန်မာပြည်ပြင်ပတွင် ရှိနေကြောင်း၊ ကျန်ရှိသည့် ၂၅ဉီးကိုတော့ ဆက်လက်စုံစမ်းနေကြောင်းသိရသည်၊၊
ဖိလစ်ပိုင်နိုင်ငံခြားအလုပ်သမားရေးရာ ဒုတိယဝန်ကြီး De Vega ရဲ့ပြောကြားချက်အရ မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာများတွင် တရားမဝင်အလုပ်လုပ်နေကြောင်း ယူဆရသော ဖိလစ်ပိုင်လူမျိုး ၅၀ မှ ၆၀ ခန့်ကိုလည်း ငလျင်ဖြစ်မီက ပြန်ပို့ရန် မကြာသေးမီကစီစဉ်ထားခဲ့ကြောင်း Philippine News Agencyသတင်းဌာနမှ 
ဖော်ပြခဲ့သည်။

Ref: Philippine News agency

Comments